News

ျဖစ္ခ်င္တာက သမၼတ ျဖစ္ေနတာက လူသတ္စစ္ဓားျပ ဘပု ဘ၀ အေတာ္ဆိုး

Written by 747

ျဖစ္ခ်င္တာက သမၼတ ျဖစ္ေနတာက လူသတ္စစ္ဓားျပ ဘပု ဘ၀ အေတာ္ဆိုး

ဟိုတေလာက အေမရိကန္နိုင္ငံက ျပည္နယ္အုပ္ႀကီးေဟာင္းနဲ႔ အမတ္ေဟာင္း ဘီလ္ရစ္ခ်တ္ဆန္ လာေတာ့ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္က နိုင္ငံေတာ္ဧည့္သည္ေတာ္ေတြကို သမၼတ ထိုင္တဲ့ခုံမွာထိုင္ၿပီး ၿမိန႔္ၿမိန႔္ႀကီးနဲ႔ ခန႔္ခန႔္ႀကီး လက္ခံေတြ႕ဆုံခဲ့တယ္။ ရာဇပလႅင္ ေနာက္ခံႀကီးနဲ႔ေပါ့။ ဘာေတြ ‘ေအာက္ကလိအာ’ ၾကလဲေတာ့ မသိ။ ၾကည့္ေနရင္း ဟက္ဟက္ပက္ပက္ႀကီး ျပဳံးေနရမိတယ္။ အေရာင္အေသြးတူတဲ့ ငွက္ေတြ မိတ္ေဆြ ျဖစ္ေနၾကဟန္ပါပဲ။

အဲဒီလို ‘ဟက္ဟက္ပက္ပက္’ ျပဳံးမိတာက ‘ဟိေတာပေဒသ’ထဲက ‘မိတ္ေဆြဖြဲ႕ျခင္း’ အခန္းမွာ ‘မႏၲရလိပ္’နဲ႔ ‘ဟိရညက’ ႂကြက္မင္းတို႔ မိတ္ေဆြဖြဲ႕ရင္း ေျပာၾကတဲ့စကားကို သတိရမိလို႔ပါ။ စာထဲမွာေတာ့ မိတ္ေဆြဖြဲ႕ရာမွာ မႏၲရလိပ္က ဟိရညကႂကြက္မင္းကို ေျပာတဲ့စကားက သိပ္ထိမိတာကိုး။

မႏၲရလိပ္မင္းက “အေဆြေတာ္ႂကြက္မင္း၊ ေခြးသည္ ေရႊပန္းကုံးကို ဆင္ယင္ထားေသာ္လည္း အဘယ္နည္းျဖင့္ ဂုဏ္အေပါင္းႏွင့္ျပည့္စုံေသာ ျခေသၤ့ျဖစ္နိုင္ပါအံ့နည္း”တဲ့။ အဲဒီလို မတန္မရာ ကိုယ့္အထြာနဲ႔ ကိုယ့္တန္ဆာ မဟုတ္ဘဲ ဆင္ျမန္းထားရင္ မလိုက္ဖက္ မတင့္တယ္ပုံ၊ ဘယ္လိုပင္ ဟန္ေဆာင္ထားေပမဲ့ ေခြးဟာ ျခေသၤ့ မျဖစ္နိုင္ပုံကို မႏၲရလိပ္မင္းက ေျပာဆိုေဆြးေႏြး သုံးသပ္ထားတာ။

ဟိေတာပေဒသထဲက စာသားေတြကို စဥ္းစားရင္းနဲ႔ တၿပိဳင္တည္း သတိရတာ တခုရွိေသးရဲ့။ ငယ္ငယ္က ဖတ္ခဲ့ဖူးတာေလးေပါ့။ ဂႏၴဝင္ေမာင္ထူး ေရးတာလို႔ပဲ သိထားလိုက္ေနာ့။ တခ်ိဳ႕ အခ်က္ေတြ ေမ့ေတာင္ေနပါၿပီ။ သတိရေနတာ တခုကေတာ့ အထက္ဗမာျပည္ အဂၤလိပ္သိမ္းၿပီးစ မႏၲေလး ေနျပည္ေတာ္ႀကီးဟာ ၿမိဳ႕ပ်က္ႀကီး ျဖစ္ေနခ်ိန္ေပါ့။ နန္းေတာ္ႀကီးထဲ အကဲစမ္းၿပီး ဝင္ထြက္သြားလာ၊ ခိုးဝွက္ေနၾကသူေတြလည္း ရွိတယ္။

မႏၲေလးနန္းေတာ္အေဆာက္အုံႀကီးထဲမွာလည္း အဂၤလိပ္တပ္သားေတြနဲ႔ ႏြားေက်ာင္းသားေတြ၊ ဘိန္းစားေတြ၊ အရက္မူးသမားေတြ နားခိုရာ ျဖစ္ခဲ့ဖူးတယ္။ အုပ္ခ်ဳပ္ေရး ပ်က္ျပားေနေတာ့ ဘယ္သူ႔အမိန႔္ နာခံရမွန္းမသိ။ တကယ့္ ဗ႐ုတ္ဗရက္ ကာလဆိုးႀကီးေပကိုး။ ‘ပုလိပ္ေၾကာက္ရ၊ သူခိုး ဓားၿပ ေၾကာက္ရ၊ စစ္သားေၾကာက္ရ’ ဆိုသလို ျဖစ္ေနတဲ့ ‘ရာဇေတာဝါ’ ကာလဆိုးႀကီးေပပဲ။ ပညာရွိႀကီးေတြ အိမ္တြင္းပုန္းေနတတ္တဲ့ ‘နိုင္ငံေရး သေရာႀကီးခိုင္းခ်ိန္’ေပါ့။

အရင္ကေတာ့ အထဲဝင္ဖို႔မေျပာနဲ႔၊ အနားေတာင္ ကပ္ဖို႔မလြယ္တဲ့ေနရာ။ အခုေတာ့ ထီးပ်က္ နန္းပ်က္ ၾကငွန္းလည္း ပ်က္ေနခ်ိန္ကိုး။ အဂၤလိပ္ေတြကလည္း ကိုယ့္ထီးနန္း မဟုတ္ေတာ့ သိပ္အေလးထားၿပီး ေစာင့္ေရွာက္ဟန္ မရွိဘူး။ ဒီေတာ့ နန္းေတာ္အနီး ေနထိုင္ၾကတဲ့ အရပ္သားေတြက ႏြားေက်ာင္း၊ ဆိတ္ေက်ာင္းတာလည္း ရွိေပါ့။ တခ်ိဳ႕ကေတာ့ တိတ္ဆိတ္လို႔ ဝင္ေရာက္ အနားယူတာလည္း ရွိၾကမွာပါ။ တခ်ိဳ႕က်ေတာ့လည္း ‘အဂၤလိပ္ရဲ့ လက္ေဝခံကၽြန္အျဖစ္ ခိုင္းတန္ေကာင္းရဲ့’ ဆိုၿပီး စစ္သားေတြနား ရစ္သီရစ္သီလုပ္သူလည္း ရွိမွာပါပဲ။

တေန႔ေတာ့ ေလလြင့္ေနတဲ့ ႏြားေက်ာင္းသား ဘိန္းစားတေယာက္က နန္းေတာ္ႀကီးထဲမွာ ေလၽွာက္သြားလိုက္တာ မွန္နန္းေဆာင္အတြင္းထဲ ေရာက္ေတာ့ အဂၤလိပ္ေတြက အျပင္ကို ထုတ္ဖို႔ ျပင္ထားတဲ့ နန္းေဆာင္အေပါက္ဝ တေနရာမွာ ပလႅင္ႀကီးကို ေတြ႕သြားတယ္။ ပလႅင္ႀကီး ေတြ႕ခ်ိန္မွာ သူ႔စိတ္ထဲ ဖိန္းရွိန္းၿပီး ပူထူသြားတယ္။ တခ်ိန္က သူ ဘိန္းမူးရင္း ဘုရင္အျဖစ္ ‘စိတ္ကူးဘိန္းေျမာ’ ခဲ့ဖူးတာလည္း ရွိ။ ဘိန္းမူးေနတဲ့ အရွိန္ေလးကလည္း တက္လာေနၿပီ။ ဘယ္က ဘယ္လို ပလႅင္ေပၚ ေရာက္သြားမွန္းေတာင္ မသိလိုက္ဘူး။ ‘ဘိန္းေကာ္လို႔ ပလႅင္ေပၚေရာက္’ ဆိုသလိုပါပဲ။

သူ႔နားထဲမွာ “ကိုယ္ေတာ္ျမတ္ႀကီး နိဂုံးရြာက ဇနပုဒ္သားေတြကေတာ့ ထင္ရာစိုင္းလို႔ သူတို႔ ဇနပုဒ္သားကိုပဲ ေခါင္းေဆာင္အျဖစ္ ေရြးခ်ယ္တင္ေျမႇာက္ကာ အရွင့္ကို ဆန႔္က်င္ေနၾကပါတယ္။ ဒီတိုင္းနိုင္ငံမွာ အရွင့္နဲ႔ အရွင့္ရဲ့စစ္သူႀကီးေတြပဲ အုပ္ခ်ဳပ္သင့္တာမို႔ အရွင္ကိုယ္ေတာ္ႀကီးရဲ့ တလက္ကိုင္ ေက်းကၽြန္စစ္သူႀကီးေတြနဲ႔ နိဂုံးရြာက ဇနပုဒ္သားေတြကို ႏွိမ္နင္းၿပီး အုပ္ခ်ဳပ္ေတာ္မူပါ ဘုရား”လို႔ ေလၽွာက္တင္သံ ၾကားလိုက္သလိုလို စိတ္ထဲထင္လာတယ္။

ပလႅင္ေပၚကေန ၾကည့္လိုက္ရင္း သူ႔ကို ခစားေနတာေတြကို ေရတြက္ၾကည့္လိုက္ေတာ့ အမတ္ေပါင္း ၃၄ ေယာက္ကို ေတြ႕လိုက္တယ္။ တကယ္ေတာ့ ဘိန္းေျမာေနရင္း ၾကည့္တာမို႔ ႏြားအေကာင္ေရ ၃၄ ေကာင္ ျမက္စားေနတာကို သူ႔ကို ခစားေနတဲ့ အမတ္ေတြလို႔ ထင္လာတာပါ။

အဲဒီလိုထင္ၿပီး “ေမာင္မင္းတို႔… ငါဟာ ဘာမဆို လုပ္ရဲတယ္။ ငါ့ကို မလုပ္ရဲဘူး မထင္နဲ႔။ ကိုင္း… အမိန႔္ေတာ္မွတ္မယ္ နာခံ ”လို႔ ေျပာလိုက္တဲ့အခ်ိန္ အျပင္မွာ ျမက္စားေနတဲ့ ႏြားသိုးတေကာင္က “ဝတ္ထရိန္း” လို႔ တြန္လိုက္တာကို “သင့္ျမတ္လွေၾကာင္းပါဘုရား” လို႔ ၾကားေယာင္ၿပီး ညီလာခံသိမ္းမယ္ ဆိုၿပီး စက္ေတာ္ေခၚသြားေတာ့သတဲ့။

တကယ္ေတာ့ ႏြားေက်ာင္းသား ဘိန္းစားဟာ ေမာေမာနဲ႔ ရာဇပလႅင္ေပၚတက္ၿပီး လဲေလ်ာင္းရင္း အိပ္ေပ်ာ္သြားတာပါ။ ဘိန္းစားဆိုေတာ့ ပလႅင္ေပၚ တက္မိတာနဲ႔ ဘုရင္အျဖစ္ စိတ္ကူးယဥ္မိသြားရာက ‘ဘိန္းေျမာသြားရင္း သူ႔ကိုယ္သူ ဘုရင္လို႔ တကယ္ထင္မိသြားဟန္ပါပဲ။ နန္းရိပ္ကလည္း ေလေလးတျဖဴးျဖဴးနဲ႔ ေအးျမျမအရသာ ခံစားရင္း စိတ္ႀကီးဝင္သြား ထင္ပါရဲ့။ ဘိန္းမွိန္းရင္းနဲ႔ ဘုရင္အျဖစ္ ေရာက္သြားေတာ့တာကိုး။

ဘိန္းမူးေျပေတာ့ အိပ္ရာကလည္း နိုးလာ၊ ေဘးဝန္းက်င္ကို လိုက္ၾကည့္ေနတယ္။ မတန္မရာ ပလႅင္ေပၚသူ တက္အိပ္တာကို ပတ္ဝန္းက်င္က သိသြားၿပီး ျပစ္တင္ရႈတ္ခ်ေလမလားေပါ့။ ေဘးဘီမွာ လူမရွိတာ သိေတာ့မွ ပလႅင္ေပၚမွာ တင္ပ်ဥ္ေခြထိုင္ရင္း စိမ္ေျပနေၿပ အေညာင္းဆန႔္ၿပီး ဆင္းလာခဲ့ေတာ့သတဲ့။

သေကာင့္သား အိမ္လည္းေရာက္၊ ဝမ္းေတြသြားၿပီး အိပ္ရာထဲ လဲေတာ့တာပဲ။ ဘိန္းသမား ဝမ္းသြားေတာ့ ‘ဘိန္းေခ်း’ပါတယ္ပဲ ထင္ၾကတာကိုး။ ရက္အေတာ္ၾကာထိ မေပ်ာက္ေတာ့မွ ေဆးဆရာ ပင့္ၾကရတာ။ ဒါေပမဲ့ ဝမ္းသြားက မရပ္ဘူး။ ဘိန္းေခ်းက ‘ေၾကာင္ေခ်း’လိုပဲ ေပ်ာ့ေပ်ာ့ေလးနဲ႔ အနံ့ျပင္းတာေၾကာင့္ လူနာလာေမးသူေတြကို “ဘယ္ကျပန္လာတာလဲ” လို႔ ေမးေတာ့ လူနာၾကည့္ၿပီး ျပန္လာသူတိုင္းက “ေၾကာင္ေခ်းဆီက လူနာေမးၿပီး ျပန္လာတာ” လို႔ အေယာင္ေယာင္အမွားမွား ေျပာမိၾကရာက ‘ေၾကာင္ေခ်း’လို႔ အမည္ေခၚတြင္ အသိအမွတ္ျပဳ လိုက္ၾကသတဲ့။

ရက္အေတာ္ၾကာထိ ‘ေၾကာင္ေခ်း’ အိပ္ရာထဲလဲေနတာ ဘာေရာဂါမွ ရွာမေတြ႕ဘူးျဖစ္ေနေတာ့ ဗမာေဆးဆရာႀကီးက ေမးျမန္းစူးစမ္းေတာ့မွ ပလႅင္ေပၚအိပ္တာကို သိၿပီး “မိုက္ပါ့ကြာ မတန္မရာ ကိုယ့္ေနရာ မဟုတ္တာကို ကိုယ့္အဆင့္နဲ႔ မဆင္မျခင္ သြားထိုင္ေပတာကိုး။ ရာဇပလႅင္ေတာ္ဟာ အစီအမံေတြနဲ႔ လုပ္ထားတာ။ ဘုန္းမရွိ ကံမရွိသူ ထိုင္မိရင္ အသက္အႏၲရာယ္ေတာင္ က်ေရာက္နိုင္တယ္။ ကဲ ငွက္ေပ်ာပြဲ၊ အုန္းပြဲနဲ႔ ဆရာေတာ္ေတြကိုပါ ပင့္ၿပီး ေတာင္းပန္ေခ်” လို႔ ေျပာၿပီး ေတာင္းပန္ေတာ့မွ ခ်င္ခ်င္းဆိုသလို ေရာဂါအရွင္း သက္သာသြားသတဲ့။

အဲဒီအခ်ိန္ကစၿပီး လမ္းေတြ႕သူတိုင္းက သူ႔ကို ေၾကာင္ေခ်းပဲ ေခၚၾကေတာ့တာေပါ့။ ေၾကာင္ေခ်းကို အဲဒီအေၾကာင္းေတြ ေမးတိုင္း ေၾကာင္ေခ်းက “ဟာ မင္းတို႔ေကာင္ေတြ ပလႅင္ေပၚမ်ား သြားမအိပ္ၾကနဲ႔ေဟ့။ ငါ့လိုလူ သူေတာ္ေကာင္းမို႔လို႔ေပါ့ကြာ။ လူသတ္၊ ဓားျပတိုက္တဲ့ သူယုတ္မာသာ ျဖစ္ေနရင္ ‘ေျမအိုးလိုပဲ အကြဲလြယ္ၿပီး အစပ္ခက္’တတ္တယ္၊ ကုလို႔ ေတာင္းပန္လို႔ မရနိုင္ဘူးလို႔ သမားေတာ္ႀကီးက ေျပာတယ္။ ငါကေတာ့ ဘိန္းသာစားတာ သူတပါးအေပၚ အေကာက္မႀကံ ေျဖာင့္မွန္တာေၾကာင့္ ေတာင္းပန္တာနဲ႔ ပလႅင္ေစာင့္ပုဂၢိဳလ္ေတြက ခြင့္လႊတ္လို႔ အသက္ျပန္ရွင္လာတာလို႔” သမားေတာ္ႀကီးရဲ့ ေျပာစကားကို ျပန္လည္ေဖာက္သည္ခ်ေလ့ရွိသတဲ့။

အဲဒီလို ငယ္ငယ္က ဖတ္ခဲ့ရဖူးတဲ့ ေရွးေဟာင္းေႏွာင္းျဖစ္ေတြကို သတိရလိုက္မိတယ္။ ေလာကမွာ တကယ္လည္း ဘိန္းစား၊ လူသတ္၊ စစ္ဓားျပေတြ ပလႅင္ေပၚေရာက္လာရင္ တိုင္းျပည္လည္း ျဖစ္ခ်င္ရာျဖစ္လို႔ ေလာကႀကီး ကေမာက္ကမျဖစ္တတ္ေၾကာင္း အသိရလိုက္ပါတယ္။

ဘာပဲျဖစ္ျဖစ္ “ျဖစ္ခ်င္တာက သမၼတ၊ ျဖစ္ေနတာက လူသတ္ စစ္ဓားျပ” အတြက္ေတာ့ ‘ပလႅင္ေစာင့္ပုဂၢိဳလ္ေတြကို ေတာင္းပန္လို႔ ရမွရပါေလစ’လို႔ သံေဝဂရမိေၾကာင္းပါခင္ဗ်ာ။
Crd..ဂႏၴဝင္ေမာင္ထူး
ယူနီကုဒ္

ဖြစ်ချင်တာက သမ္မတ ဖြစ်နေတာက လူသတ်စစ်ဓားပြ ဘပု ဘဝ အတော်ဆိုး

ဟိုတလောက အမေရိကန်နိုင်ငံက ပြည်နယ်အုပ်ကြီးဟောင်းနဲ့ အမတ်ဟောင်း ဘီလ်ရစ်ချတ်ဆန် လာတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော်ဧည့်သည်တော်တွေကို သမ္မတ ထိုင်တဲ့ခုံမှာထိုင်ပြီး မြိန့်မြိန့်ကြီးနဲ့ ခန့်ခန့်ကြီး လက်ခံတွေ့ဆုံခဲ့တယ်။ ရာဇပလ္လင် နောက်ခံကြီးနဲ့ပေါ့။ ဘာတွေ ‘အောက်ကလိအာ’ ကြလဲတော့ မသိ။ ကြည့်နေရင်း ဟက်ဟက်ပက်ပက်ကြီး ပြုံးနေရမိတယ်။ အရောင်အသွေးတူတဲ့ ငှက်တွေ မိတ်ဆွေ ဖြစ်နေကြဟန်ပါပဲ။

အဲဒီလို ‘ဟက်ဟက်ပက်ပက်’ ပြုံးမိတာက ‘ဟိတောပဒေသ’ထဲက ‘မိတ်ဆွေဖွဲ့ခြင်း’ အခန်းမှာ ‘မန္တရလိပ်’နဲ့ ‘ဟိရညက’ ကြွက်မင်းတို့ မိတ်ဆွေဖွဲ့ရင်း ပြောကြတဲ့စကားကို သတိရမိလို့ပါ။ စာထဲမှာတော့ မိတ်ဆွေဖွဲ့ရာမှာ မန္တရလိပ်က ဟိရညကကြွက်မင်းကို ပြောတဲ့စကားက သိပ်ထိမိတာကိုး။

မန္တရလိပ်မင်းက “အဆွေတော်ကြွက်မင်း၊ ခွေးသည် ရွှေပန်းကုံးကို ဆင်ယင်ထားသော်လည်း အဘယ်နည်းဖြင့် ဂုဏ်အပေါင်းနှင့်ပြည့်စုံသော ခြင်္သေ့ဖြစ်နိုင်ပါအံ့နည်း”တဲ့။ အဲဒီလို မတန်မရာ ကိုယ့်အထွာနဲ့ ကိုယ့်တန်ဆာ မဟုတ်ဘဲ ဆင်မြန်းထားရင် မလိုက်ဖက် မတင့်တယ်ပုံ၊ ဘယ်လိုပင် ဟန်ဆောင်ထားပေမဲ့ ခွေးဟာ ခြင်္သေ့ မဖြစ်နိုင်ပုံကို မန္တရလိပ်မင်းက ပြောဆိုဆွေးနွေး သုံးသပ်ထားတာ။

ဟိတောပဒေသထဲက စာသားတွေကို စဉ်းစားရင်းနဲ့ တပြိုင်တည်း သတိရတာ တခုရှိသေးရဲ့။ ငယ်ငယ်က ဖတ်ခဲ့ဖူးတာလေးပေါ့။ ဂန္ထဝင်မောင်ထူး ရေးတာလို့ပဲ သိထားလိုက်နော့။ တချို့ အချက်တွေ မေ့တောင်နေပါပြီ။ သတိရနေတာ တခုကတော့ အထက်ဗမာပြည် အင်္ဂလိပ်သိမ်းပြီးစ မန္တလေး နေပြည်တော်ကြီးဟာ မြို့ပျက်ကြီး ဖြစ်နေချိန်ပေါ့။ နန်းတော်ကြီးထဲ အကဲစမ်းပြီး ဝင်ထွက်သွားလာ၊ ခိုးဝှက်နေကြသူတွေလည်း ရှိတယ်။

မန္တလေးနန်းတော်အဆောက်အုံကြီးထဲမှာလည်း အင်္ဂလိပ်တပ်သားတွေနဲ့ နွားကျောင်းသားတွေ၊ ဘိန်းစားတွေ၊ အရက်မူးသမားတွေ နားခိုရာ ဖြစ်ခဲ့ဖူးတယ်။ အုပ်ချုပ်ရေး ပျက်ပြားနေတော့ ဘယ်သူ့အမိန့် နာခံရမှန်းမသိ။ တကယ့် ဗရုတ်ဗရက် ကာလဆိုးကြီးပေကိုး။ ‘ပုလိပ်ကြောက်ရ၊ သူခိုး ဓားပြ ကြောက်ရ၊ စစ်သားကြောက်ရ’ ဆိုသလို ဖြစ်နေတဲ့ ‘ရာဇတောဝါ’ ကာလဆိုးကြီးပေပဲ။ ပညာရှိကြီးတွေ အိမ်တွင်းပုန်းနေတတ်တဲ့ ‘နိုင်ငံရေး သရောကြီးခိုင်းချိန်’ပေါ့။

အရင်ကတော့ အထဲဝင်ဖို့မပြောနဲ့၊ အနားတောင် ကပ်ဖို့မလွယ်တဲ့နေရာ။ အခုတော့ ထီးပျက် နန်းပျက် ကြငှန်းလည်း ပျက်နေချိန်ကိုး။ အင်္ဂလိပ်တွေကလည်း ကိုယ့်ထီးနန်း မဟုတ်တော့ သိပ်အလေးထားပြီး စောင့်ရှောက်ဟန် မရှိဘူး။ ဒီတော့ နန်းတော်အနီး နေထိုင်ကြတဲ့ အရပ်သားတွေက နွားကျောင်း၊ ဆိတ်ကျောင်းတာလည်း ရှိပေါ့။ တချို့ကတော့ တိတ်ဆိတ်လို့ ဝင်ရောက် အနားယူတာလည်း ရှိကြမှာပါ။ တချို့ကျတော့လည်း ‘အင်္ဂလိပ်ရဲ့ လက်ဝေခံကျွန်အဖြစ် ခိုင်းတန်ကောင်းရဲ့’ ဆိုပြီး စစ်သားတွေနား ရစ်သီရစ်သီလုပ်သူလည်း ရှိမှာပါပဲ။

တနေ့တော့ လေလွင့်နေတဲ့ နွားကျောင်းသား ဘိန်းစားတယောက်က နန်းတော်ကြီးထဲမှာ လျှောက်သွားလိုက်တာ မှန်နန်းဆောင်အတွင်းထဲ ရောက်တော့ အင်္ဂလိပ်တွေက အပြင်ကို ထုတ်ဖို့ ပြင်ထားတဲ့ နန်းဆောင်အပေါက်ဝ တနေရာမှာ ပလ္လင်ကြီးကို တွေ့သွားတယ်။ ပလ္လင်ကြီး တွေ့ချိန်မှာ သူ့စိတ်ထဲ ဖိန်းရှိန်းပြီး ပူထူသွားတယ်။ တချိန်က သူ ဘိန်းမူးရင်း ဘုရင်အဖြစ် ‘စိတ်ကူးဘိန်းမြော’ ခဲ့ဖူးတာလည်း ရှိ။ ဘိန်းမူးနေတဲ့ အရှိန်လေးကလည်း တက်လာနေပြီ။ ဘယ်က ဘယ်လို ပလ္လင်ပေါ် ရောက်သွားမှန်းတောင် မသိလိုက်ဘူး။ ‘ဘိန်းကော်လို့ ပလ္လင်ပေါ်ရောက်’ ဆိုသလိုပါပဲ။

သူ့နားထဲမှာ “ကိုယ်တော်မြတ်ကြီး နိဂုံးရွာက ဇနပုဒ်သားတွေကတော့ ထင်ရာစိုင်းလို့ သူတို့ ဇနပုဒ်သားကိုပဲ ခေါင်းဆောင်အဖြစ် ရွေးချယ်တင်မြှောက်ကာ အရှင့်ကို ဆန့်ကျင်နေကြပါတယ်။ ဒီတိုင်းနိုင်ငံမှာ အရှင့်နဲ့ အရှင့်ရဲ့စစ်သူကြီးတွေပဲ အုပ်ချုပ်သင့်တာမို့ အရှင်ကိုယ်တော်ကြီးရဲ့ တလက်ကိုင် ကျေးကျွန်စစ်သူကြီးတွေနဲ့ နိဂုံးရွာက ဇနပုဒ်သားတွေကို နှိမ်နင်းပြီး အုပ်ချုပ်တော်မူပါ ဘုရား”လို့ လျှောက်တင်သံ ကြားလိုက်သလိုလို စိတ်ထဲထင်လာတယ်။

ပလ္လင်ပေါ်ကနေ ကြည့်လိုက်ရင်း သူ့ကို ခစားနေတာတွေကို ရေတွက်ကြည့်လိုက်တော့ အမတ်ပေါင်း ၃၄ ယောက်ကို တွေ့လိုက်တယ်။ တကယ်တော့ ဘိန်းမြောနေရင်း ကြည့်တာမို့ နွားအကောင်ရေ ၃၄ ကောင် မြက်စားနေတာကို သူ့ကို ခစားနေတဲ့ အမတ်တွေလို့ ထင်လာတာပါ။

အဲဒီလိုထင်ပြီး “မောင်မင်းတို့… ငါဟာ ဘာမဆို လုပ်ရဲတယ်။ ငါ့ကို မလုပ်ရဲဘူး မထင်နဲ့။ ကိုင်း… အမိန့်တော်မှတ်မယ် နာခံ ”လို့ ပြောလိုက်တဲ့အချိန် အပြင်မှာ မြက်စားနေတဲ့ နွားသိုးတကောင်က “ဝတ်ထရိန်း” လို့ တွန်လိုက်တာကို “သင့်မြတ်လှကြောင်းပါဘုရား” လို့ ကြားယောင်ပြီး ညီလာခံသိမ်းမယ် ဆိုပြီး စက်တော်ခေါ်သွားတော့သတဲ့။

တကယ်တော့ နွားကျောင်းသား ဘိန်းစားဟာ မောမောနဲ့ ရာဇပလ္လင်ပေါ်တက်ပြီး လဲလျောင်းရင်း အိပ်ပျော်သွားတာပါ။ ဘိန်းစားဆိုတော့ ပလ္လင်ပေါ် တက်မိတာနဲ့ ဘုရင်အဖြစ် စိတ်ကူးယဉ်မိသွားရာက ‘ဘိန်းမြောသွားရင်း သူ့ကိုယ်သူ ဘုရင်လို့ တကယ်ထင်မိသွားဟန်ပါပဲ။ နန်းရိပ်ကလည်း လေလေးတဖြူးဖြူးနဲ့ အေးမြမြအရသာ ခံစားရင်း စိတ်ကြီးဝင်သွား ထင်ပါရဲ့။ ဘိန်းမှိန်းရင်းနဲ့ ဘုရင်အဖြစ် ရောက်သွားတော့တာကိုး။

ဘိန်းမူးပြေတော့ အိပ်ရာကလည်း နိုးလာ၊ ဘေးဝန်းကျင်ကို လိုက်ကြည့်နေတယ်။ မတန်မရာ ပလ္လင်ပေါ်သူ တက်အိပ်တာကို ပတ်ဝန်းကျင်က သိသွားပြီး ပြစ်တင်ရှုတ်ချလေမလားပေါ့။ ဘေးဘီမှာ လူမရှိတာ သိတော့မှ ပလ္လင်ပေါ်မှာ တင်ပျဉ်ခွေထိုင်ရင်း စိမ်ပြေနပြေ အညောင်းဆန့်ပြီး ဆင်းလာခဲ့တော့သတဲ့။

သကောင့်သား အိမ်လည်းရောက်၊ ဝမ်းတွေသွားပြီး အိပ်ရာထဲ လဲတော့တာပဲ။ ဘိန်းသမား ဝမ်းသွားတော့ ‘ဘိန်းချေး’ပါတယ်ပဲ ထင်ကြတာကိုး။ ရက်အတော်ကြာထိ မပျောက်တော့မှ ဆေးဆရာ ပင့်ကြရတာ။ ဒါပေမဲ့ ဝမ်းသွားက မရပ်ဘူး။ ဘိန်းချေးက ‘ကြောင်ချေး’လိုပဲ ပျော့ပျော့လေးနဲ့ အနံ့ပြင်းတာကြောင့် လူနာလာမေးသူတွေကို “ဘယ်ကပြန်လာတာလဲ” လို့ မေးတော့ လူနာကြည့်ပြီး ပြန်လာသူတိုင်းက “ကြောင်ချေးဆီက လူနာမေးပြီး ပြန်လာတာ” လို့ အယောင်ယောင်အမှားမှား ပြောမိကြရာက ‘ကြောင်ချေး’လို့ အမည်ခေါ်တွင် အသိအမှတ်ပြု လိုက်ကြသတဲ့။

ရက်အတော်ကြာထိ ‘ကြောင်ချေး’ အိပ်ရာထဲလဲနေတာ ဘာရောဂါမှ ရှာမတွေ့ဘူးဖြစ်နေတော့ ဗမာဆေးဆရာကြီးက မေးမြန်းစူးစမ်းတော့မှ ပလ္လင်ပေါ်အိပ်တာကို သိပြီး “မိုက်ပါ့ကွာ မတန်မရာ ကိုယ့်နေရာ မဟုတ်တာကို ကိုယ့်အဆင့်နဲ့ မဆင်မခြင် သွားထိုင်ပေတာကိုး။ ရာဇပလ္လင်တော်ဟာ အစီအမံတွေနဲ့ လုပ်ထားတာ။ ဘုန်းမရှိ ကံမရှိသူ ထိုင်မိရင် အသက်အန္တရာယ်တောင် ကျရောက်နိုင်တယ်။ ကဲ ငှက်ပျောပွဲ၊ အုန်းပွဲနဲ့ ဆရာတော်တွေကိုပါ ပင့်ပြီး တောင်းပန်ချေ” လို့ ပြောပြီး တောင်းပန်တော့မှ ချင်ချင်းဆိုသလို ရောဂါအရှင်း သက်သာသွားသတဲ့။

အဲဒီအချိန်ကစပြီး လမ်းတွေ့သူတိုင်းက သူ့ကို ကြောင်ချေးပဲ ခေါ်ကြတော့တာပေါ့။ ကြောင်ချေးကို အဲဒီအကြောင်းတွေ မေးတိုင်း ကြောင်ချေးက “ဟာ မင်းတို့ကောင်တွေ ပလ္လင်ပေါ်များ သွားမအိပ်ကြနဲ့ဟေ့။ ငါ့လိုလူ သူတော်ကောင်းမို့လို့ပေါ့ကွာ။ လူသတ်၊ ဓားပြတိုက်တဲ့ သူယုတ်မာသာ ဖြစ်နေရင် ‘မြေအိုးလိုပဲ အကွဲလွယ်ပြီး အစပ်ခက်’တတ်တယ်၊ ကုလို့ တောင်းပန်လို့ မရနိုင်ဘူးလို့ သမားတော်ကြီးက ပြောတယ်။ ငါကတော့ ဘိန်းသာစားတာ သူတပါးအပေါ် အကောက်မကြံ ဖြောင့်မှန်တာကြောင့် တောင်းပန်တာနဲ့ ပလ္လင်စောင့်ပုဂ္ဂိုလ်တွေက ခွင့်လွှတ်လို့ အသက်ပြန်ရှင်လာတာလို့” သမားတော်ကြီးရဲ့ ပြောစကားကို ပြန်လည်ဖောက်သည်ချလေ့ရှိသတဲ့။

အဲဒီလို ငယ်ငယ်က ဖတ်ခဲ့ရဖူးတဲ့ ရှေးဟောင်းနှောင်းဖြစ်တွေကို သတိရလိုက်မိတယ်။ လောကမှာ တကယ်လည်း ဘိန်းစား၊ လူသတ်၊ စစ်ဓားပြတွေ ပလ္လင်ပေါ်ရောက်လာရင် တိုင်းပြည်လည်း ဖြစ်ချင်ရာဖြစ်လို့ လောကကြီး ကမောက်ကမဖြစ်တတ်ကြောင်း အသိရလိုက်ပါတယ်။

ဘာပဲဖြစ်ဖြစ် “ဖြစ်ချင်တာက သမ္မတ၊ ဖြစ်နေတာက လူသတ် စစ်ဓားပြ” အတွက်တော့ ‘ပလ္လင်စောင့်ပုဂ္ဂိုလ်တွေကို တောင်းပန်လို့ ရမှရပါလေစ’လို့ သံဝေဂရမိကြောင်းပါခင်ဗျာ။
Crd..ဂန္ထဝင်မောင်ထူး

About the author

747

Leave a Comment