News

အိႏၵိယေရတပ္၏ Sea Trial ျပဳလုပ္ေနတဲ့ ေလယာဥ္တင္သေဘၤာအသစ္ INS Vikrant ဟာ ခုတ္ေမာင္းစနစ္မွာျပသနာေပၚေန

Written by 747

အိႏၵိယေရတပ္၏ Sea Trial ျပဳလုပ္ေနတဲ့ ေလယာဥ္တင္သေဘၤာအသစ္ INS Vikrant ဟာ ခုတ္ေမာင္းစနစ္မွာျပသနာေပၚေန

အိႏၵိယေရတပ္ရဲ့ Sea Trial ျပဳလုပ္ေနတဲ့ ေလယာဥ္တင္သေဘၤာအသစ္ INS Vikrant ဟာ ခုတ္ေမာင္းစနစ္မွာျပသနာေပၚေနတယ္လို႔ သိရပါတယ္။

ပုံမွာေတြ႕ရသလိုပဲ High Speed Test ျပဳလုပ္ခ်ိန္မွာ သေဘၤာရဲ့ဦးပိုင္း မတည္ၿငိမ္မႈေၾကာင့္ ျဖစ္ေပၚလာတဲ့လွိုင္းေတြ အမ်ားႀကီးခ်န္ခဲ့ပါတယ္။ဒီလွိုင္းတြန္႔ေတြဟာ

အရွိန္နဲ႔ေမာင္းႏွင္စဥ္ သေဘၤာဦးပိုင္းဟာ အေပၚေထာင္တက္သြားလိုက္ ေအာက္ျပန္က်လိုက္ျဖစ္ေပၚေနတာေၾကာင့္ ျပန္႔ကားထြက္လာတာပဲျဖစ္ပါတယ္။ ဒါေတာင္ Sea Trial ျပဳလုပ္ေနခ်ိန္ဟာ လွိုင္းေလရာသီဥတု ပုံမွန္ရွိတဲ့အခ်ိန္မွာျဖစ္ပါတယ္။

သေဘၤာဦး ဒီဇိုင္းပိုင္းဆိုင္ရာမွာ ျပႆနာတစ္ခုခုရွိတယ္လို႔ယူဆရၿပီး ျပန္လည္ျပင္ဆင္ဖို႔လည္း လိုအပ္ပါတယ္။ ေလယာဥ္တင္သေဘၤာႀကီးတစ္စီးဟာ အေပ်ာ္စီးေမာ္ေတာ္ဘုတ္လို ခုန္ေပါက္ေနလို႔ မရပါဘူး။

ဒီိလိုမွမဟုတ္ရင္ သေဘၤာဒီလိုလူးလြန္႔ခုန္ေပါက္ေနတဲ့အခ်ိန္မွာ တိုက္ေလယာဥ္ေတြ ပ်ံတက္ဖို႔နဲ႔ ျပန္လည္ဆင္းသက္ဖို႔ သိပ္ကို အႏၲရာယ္မ်ားပါတယ္။ အိႏၵိယေရတပ္ရဲ့ ေလယာဥ္တင္သေဘၤာအသစ္ႀကီးဟာ အျခားအားနည္းခ်က္ေတြ၊

ကန္႔သက္ခ်က္ေတြလည္းရွိေနပါေသးတယ္။ေသးငယ္လွတဲ့ ဓါတ္ေလွခါးေၾကာင့္ တစ္ႀကိမ္မွာ ေလယာဥ္ႏွစ္စီးကိုသာ Flight Deck အေပၚပို႔ေဆာင္ေပးနိုင္စြမ္းရွိမွာပါ။

မ်က္ႏွာျပင္ေသးငယ္ၿပီး ေလယာဥ္ရပ္နားရာေနရာေတြက်ဥ္းေျမာင္းတာေၾကာင့္ ေလယာဥ္အတက္အဆင္းမွာ အေႏွာက္အယွက္ျဖစ္ေစမယ္လို႔လဲ ခန္႔မွန္းထားၾကပါတယ္။

တည္ေဆာက္ခ်ိန္ ဆယ္စုႏွစ္တစ္စုေက်ာ္ၾကာတဲ့ ဒီေလယာဥ္တင္သေဘၤာႀကီးဟာ အိႏၵိယေရတပ္အတြက္ အမွန္တကယ္ေကာ အသုံးတည့္ပါ့မလားဆိုတာကိုေတာ့ အခ်ိန္ကပဲ အဆုံးအျဖတ္ေပးသြားမွာပါ။
Crd..ထက္ေအာင္ ေသနဂၤမဟာဗ်ဴဟာေလ့လာေရးအဖြဲ႕
Unicode

အိန္ဒိယရေတပ်၏ Sea Trial ပြုလုပ်နေတဲ့ လေယာဉ်တင်သင်္ဘောအသစ် INS Vikrant ဟာ ခုတ်မောင်းစနစ်မှာပြသနာပေါ်နေ

အိန္ဒိယရေတပ်ရဲ့ Sea Trial ပြုလုပ်နေတဲ့ လေယာဉ်တင်သင်္ဘောအသစ် INS Vikrant ဟာ ခုတ်မောင်းစနစ်မှာပြသနာပေါ်နေတယ်လို့ သိရပါတယ်။

ပုံမှာတွေ့ရသလိုပဲ High Speed Test ပြုလုပ်ချိန်မှာ သင်္ဘောရဲ့ဦးပိုင်း မတည်ငြိမ်မှုကြောင့် ဖြစ်ပေါ်လာတဲ့လှိုင်းတွေ အများကြီးချန်ခဲ့ပါတယ်။ဒီလှိုင်းတွန့်တွေဟာ

အရှိန်နဲ့မောင်းနှင်စဉ် သင်္ဘောဦးပိုင်းဟာ အပေါ်ထောင်တက်သွားလိုက် အောက်ပြန်ကျလိုက်ဖြစ်ပေါ်နေတာကြောင့် ပြန့်ကားထွက်လာတာပဲဖြစ်ပါတယ်။ ဒါတောင် Sea Trial ပြုလုပ်နေချိန်ဟာ လှိုင်းလေရာသီဥတု ပုံမှန်ရှိတဲ့အချိန်မှာဖြစ်ပါတယ်။

သင်္ဘောဦး ဒီဇိုင်းပိုင်းဆိုင်ရာမှာ ပြဿနာတစ်ခုခုရှိတယ်လို့ယူဆရပြီး ပြန်လည်ပြင်ဆင်ဖို့လည်း လိုအပ်ပါတယ်။ လေယာဉ်တင်သင်္ဘောကြီးတစ်စီးဟာ အပျော်စီးမော်တော်ဘုတ်လို ခုန်ပေါက်နေလို့ မရပါဘူး။

ဒီိလိုမှမဟုတ်ရင် သင်္ဘောဒီလိုလူးလွန့်ခုန်ပေါက်နေတဲ့အချိန်မှာ တိုက်လေယာဉ်တွေ ပျံတက်ဖို့နဲ့ ပြန်လည်ဆင်းသက်ဖို့ သိပ်ကို အန္တရာယ်များပါတယ်။ အိန္ဒိယရေတပ်ရဲ့ လေယာဉ်တင်သင်္ဘောအသစ်ကြီးဟာ အခြားအားနည်းချက်တွေ၊

ကန့်သက်ချက်တွေလည်းရှိနေပါသေးတယ်။သေးငယ်လှတဲ့ ဓါတ်လှေခါးကြောင့် တစ်ကြိမ်မှာ လေယာဉ်နှစ်စီးကိုသာ Flight Deck အပေါ်ပို့ဆောင်ပေးနိုင်စွမ်းရှိမှာပါ။

မျက်နှာပြင်သေးငယ်ပြီး လေယာဉ်ရပ်နားရာနေရာတွေကျဉ်းမြောင်းတာကြောင့် လေယာဉ်အတက်အဆင်းမှာ အနှောက်အယှက်ဖြစ်စေမယ်လို့လဲ ခန့်မှန်းထားကြပါတယ်။

တည်ဆောက်ချိန် ဆယ်စုနှစ်တစ်စုကျော်ကြာတဲ့ ဒီလေယာဉ်တင်သင်္ဘောကြီးဟာ အိန္ဒိယရေတပ်အတွက် အမှန်တကယ်ကော အသုံးတည့်ပါ့မလားဆိုတာကိုတော့ အချိန်ကပဲ အဆုံးအဖြတ်ပေးသွားမှာပါ။
Crd..ထက်အောင် သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့
Unicode

About the author

747

Leave a Comment