News
Written by 747
င်္သ​ဘောဟာ ၁၇ရာစုအတွင်းက လွှင့်တင်ခဲ့ကြဖူးတဲ့ ပင်လယ်ဓားပြအလံဖြစ်တဲ့ Jolly Roger ( skull and crossbones) အလံကို လွှင့်ထူးထားခြင်းအဖြစ်
Crd..mmdemocracy
👇Unicode👇
ပင်လယ် ဓားပြ အလံလွှင့်ထူပြီး ရွက်လွှင့်နေသည့် အမေရီကန် ရေတပ်၏ ဖျက်သင်္ဘော အကြောင်း
ပင်လယ်ဓားပြအလံ နဲ့ အမေရိကန် ဖျက်သင်္ဘော အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနဟာ သူ့ရဲ့ လက်နက်ကိုင်တပ်တွေအားလုံးမှာ သတ်မှတ်ထားတဲ့ အလံမဟုတ်သော/ ပုံမှန်မဟုတ်သော အလံ အသုံးပြုခြင်းကို ကန့်သတ်ထားပါတယ်။
ဒါပေမယ့် ပဲ့ထိန်းဒုံးပျံတင် ဖျက်သင်္ဘော တစ်စီးကတော့ ထူးထူးခြားခြားပဲ ပုံမှန်မဟုတ်တဲ့ သူ့ရဲ့ အလံတစ်မျိုး လွှင့်တင်မှူ့ကို တွေ့မြင်ရပါမယ်။ ထို င်္သ​ဘောကတော့ USS Kidd ( DDG 100) USS kidd ဆိုတဲ့
င်္သ​ဘောဟာ ၁ရရာစုအတွင်းက လွှင့်တင်ခဲ့ကြဖူးတဲ့ ပင်လယ်ဓားပြအလံဖြစ်တဲ့ Jolly Roger ( skull and crossbones) အလံကို လွှင့်ထူးထားခြင်းအဖြစ်
ဆီယက်တဲလ်မြို့… ရေတပ်အခြေစိုက်စခန်းကို ပြန်လာစဉ်မှာ တွေ့ရမှာပါ။ USS Kidd ဟာ အမေရိကန်အလံ နှင့်အတူ လွှင့်ထားခဲ့ပါတယ်။ Jolly roger ( ပင်လယ်ဓားပြအလံ) ၁ရရာစုလောက်မှာ ပင်လယ်ဓားပြတွေဟာ
တိုက်ခိုက်မယ့် ပစ်မှတ်သဘော် သို့ ရန်သူ့သဘော်ကို သေချာပါက လူ​ခေါင်း နဲ့ အရိုး အလံကို လွှင့်ထူပြီး တိုက်ခိုက်ကြပါတယ်။ ဒီလို လွှင့်ထူခြင်းကို စစ်ဖက်ဆိုင်ရာ ယာဉ်တွေမှာ မသုံးကြပါဘူး။
ထူးခြားစွာပဲ ပထမကမ္ဘာစစ်ကာလတုန်းက အဂ်လိပ်ရေငုတ်သဘော်ဟာ ပင်လယ်ဓားပြအလံ လွှင့်ထူပြီး ဂျာမန်ခရူဇာစစ်သဘော်ကို တိုက်ခိုက်နစ်မြုပ် အောင်ပွဲခံခြင်း ဖြင့် Jolly roger အလံကို စစ်ဖက်ဆိုင်ရာ မှာ စတင်အသုံးပြုလာခဲ့ပါတယ်။
ထို့အတူပဲ.ဒီ​နေ့ခေတ်ရဲ့ USS kidd ဟာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ တရားဥဒေစိုးမိုးရေး လုပ်ငန်းစဉ်အရ အမေရိကန်နိုင်ငံအတွင်း တင်သွင်းလာတဲ့ မူးယစ်ဆေးများသယ်ဆောင်ရေယာဉ်များကို ဖမ်းဆီးသော
စစ်ဆင်ရေးဖြစ်တဲ့ Wolf Pact ကို အကောင်အထည်ဖော်နေသော Helicopter Maritime Strike Squadron 75 (HSM 75) ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ၂၀၂၀ ဧပြီလအတွင်းကတည်းက တာဝန်ပေးခြင်းခံခဲ့ရပါတယ်။
USS kidd အနေနဲ့ သူတို့အုပ်စုလိုက် စစ်ဆင်ရေးတစ်ခုအတွင်းမှာ ကာလတန်ကြေး အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော် တန်ကြေးရှိ ကိုကင်း ( မူးယစ်ဆေး) ကီလို ၆၅၀ ကျော်ကို ဖမ်းဆီးရမိခဲ့တယ်။
စစ်ဆင်ရေးအတွင်းမှာလည်း စစ်သဘော်တွေ အနေနဲ့ သူ၏ သဘော်သား ၁၈ယောက်ဟာ ကိုရိုနာဗိုင်းရပ် ကူးစပ်လာမှူ့ကြောင့် လွန်ခဲ့တဲ့ အခြေစိုက်စခန်းသို့ ပြန်လာရင် အမိန့်ရခဲ့ပါတယ်။USS Kidd မှာ ဘာကြောင့် ဓားပြအလံတင်ခွင့်ရသလဲ?
ပထမဆုံးပြောပြချင်တာက USS Arizona ( ယူအက်အက် အရီဇိုးနား စစ်သဘော် မှ ဒု ရေတပ်ဗိုလ်ချုပ်ကြီး Issac Kidd .. ဆိုတဲ့ အရာရှိကြီး ကနေစရမယ်ထင်ပါတယ်။
Issc Kidd ရဲ့ မိဘတွေက နာမည်ကျော် ပင်လယ်ဓားပြ William Kidd ကို အားကျပြီး Kidd အဖြစ် မှည့်ယူထားတာပါ။ ( William Kidd ဟာ 1701 ခုနှစ်မှာ ပင်လယ်ရေကြောင်း ဓားပြဥပဒေအရ ကွက်မျက်ခံရသည်)
ဒုဗိုလ်ချုပ်ကြီး Issac Kidd ဟာ ပုလဲဆိပ်ကမ်းတိုက်ခိုက်ခံရခြင်းဖြစ်စဉ်မှာ စစ်သဘော် ရဲ့ ကုန်းပတ်ဆက်သွယ်ရေးတံတားပေါ်မှာပဲ ဂျပန်လေယာဉ် ရဲ့ တိုက်ရိုက်ဗုံးကြဲချခြင်း ခံရပြီး သေဆုံးခဲ့ရပါတယ်။
Issac Kidd သေဆုံးခဲ့မှူ့တွင်း အမေရိကန်စစ်တပ်ကနေ Medal of Honor ဆု ​ပေးခဲ့ပါတယ်။ သူသေဆုံးပြီး ၂ နှစ်အကြာ ၁၉၄၃ခုနစ်တွင်
USS Kidd (DD-661) Fletcher class destroyer ကို တပ်တော်ဝင်ခဲ့ပြီး Issac kidd ကို ဂုဏ်ပြုပြီး သူ့အမည်ပေးခဲ့ပါတယ်။ USS Kidd ရဲ့ သဘော်သားတွေဟာ William Kidd ရဲ့ ဇတ်ကြောင်းကို
ကြားဖူးနေတဲ့အခါ သေဆုံးသွားသူ Issac kidd ရဲ့ မိန်းမဆီမှာ သူ့ယောကျာ်းကို ဂုဏ်ပြု နာမည်ပေးတဲ့ သဘော်မှာ ပင်လယ်ဓားပြ ပုံ နဲ့ တံဆိပ်ကို မီးခိုး ခေါင်းတိုင်မှာ ဆေးချယ်ဖို့ ခွင့်တောင်းခဲ့ကြပါတယ်။
သူ့မိန်းမက ခွင့်ပြုပေးတဲ့အခါမှာ သဘော်သားတွေ ဆေးချယ်လာကြပါတယ်။ USS Kidd ( DD-661) ဟာ ဒုတိယကမ္ဘာစစ်အတွင်း ပစိဖိတ်ဒေသရေတပ်စစ်ဆင်ရေးတွေမှာ ပါဝင်ခဲ့ပါတယ်။
လေယာဉ်တင်သဘော်တွေရဲ့ စစ်ဆင်ရေးတွေမှာ ပါဝင်ခဲ့ပြီး ပျက်ကျခဲ့သော ရေတပ်လေယာဉ်အမှူ့ထမ်းတွေကို ကယ်ဆယ်ရေးအများအပြား ပြုလုပ်ခဲ့ကာ…
သူကယ်ဆယ်ခဲ့တဲ့ လေယာဉ်အမှူ့ထမ်းတွေကို သက်ဆိုင်ရာတပ်ဖွဲ့ ဌာနတွေကနေ ရေခဲမုန့် နဲ့ ပြန်ရွေးစေပါတယ်။ထိုသို့ ပြန်ရွေးစေတဲ့ ချစ်စရာ ဓလေ့ကြောင့် USS Kidd ( DD-661) ကို ပစိဖိတ်ရဲ့ ဓားပြ လို့ နာမည်ပြောင်ပေးခဲ့ကြပါတယ်။
ထို့အတူပဲ လူကယ်ဆယ်ပြီးတိုင်း ( စစ်ဆင်ရေး တစ်ခု အနေနဲ့ မှတ်ယူကြသည်) USS kidd ဟာ ပင်လယ်ဓားပြအလံ ကိုပါ လွှင့်ထူလာကြပါတော့တယ်။
USS Kidd ( DD-661) ကို အမေရိကန်ရေတပ်ကနေ အနားပေးလိုက်တဲ့အခါ သမိုင်းကြောင်း ရှိလာတဲ့ Kidd နာမည်ကို ပြန်ယူပြီး USS Kidd ( DDG 993) အဖြစ် ၁၉၈၁ ခုနှစ်မှာ တပ်တော်ဝင်ပြီး နာမည်ပြောင်းပေးလာခဲ့ပါတယ်။
DDG 993 ကတော့ ပင်လယ်ဓားပြအလံ နဲ့ ပက်သက်လို့ အလံတင်ခွင့် ရှိပေမယ့်လည်း သိပ်သုံးစွဲတာမျိုး မရှိခဲ့ပါဘူး။ ၂၀၀၇ ခုနှစ်မှာတော့ USS Kidd ( DDG 100)Arleigh Burke-class destroyer အဖြစ် တစ်ခါထပ်ပေါ်လာခဲ့ပြန်ပါတယ်။
ဒီတစ်ခါ သဘော်ကတော့ ပင်လယ်ဓားပြ အလံကို မကြာခဏဆိုသုံးစွဲလာတာတွေ့ရမှာ​ပါ။ အမေရိကန်ကာကွယ်ရေးဝန်ကြီး Mark Esper ကတော့ ရေတပ်သဘော်တွေဟာ အခမ်းအနားအလံ..
အမှတ်တရ အလံ နဲ့ ရေတပ်စည်းမျဉ်းစည်းကမ်းအရ သတ်မှတ်အလံများကိုသာ လွှင့်ထူခွင့်ပြုထားတာဖြစ်ပြီး တကယ်လို့ စည်းမျဉ်းချိုးဖောက်၍ လွှင့်ထူပါက စစ်ဆင်ရေး သို့ ချစ်ကြည်ရေး..
အခမ်းအနားတစ်ခုခုကနေ လှည့်ပြန်စေခြင်း ပြစ်ဒဏ် သတ်မှတ်ထားပါတယ်။ ထို့အတူ ပင်တဂွန်စစ်ဌာနချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Lisa Lawrence ကလည်း ကာကွယ်ရေးဝန်ကြီးဌာန၏
သတ်မှတ်ချက်မပါဝင်သော အလံများကို လွှင့်ထူခွင့် မပေးထားပါဟု အသိပေးကြေငြာထားပါတယ်။ဒါပေမယ့်လည်း USS Kidd နဲ့ Jolly Roger အလံဆိုတာ
ပူးတွဲမှတ်မိနေမယ့် ထုံးတမ်းဓ​လေ့လို ဖြစ်နေတဲ့အလံမို့ ခွင့်ပြုပေးထားပါတယ်ခင်ဗျာ။ ( ပင်လယ်ဓားပြအလံ /Jolly Roger အလံကို အခြားသဘော်တွေမှာ လုံးဝ လွှင့်ထူခွင့် မရှိပါဘူး။)
Crd..mmdemocracy
About the author
747
Leave a Comment