News

တရုတ်နိုင်ငံထုတ် အဏ္ဏဝါမိုးလေဝသစောင့်ကြည့်လေ့လာရေး မောင်းသူမဲ့ဒရုန်းယာဉ် စမ်းသပ်မှု အလုံးစုံပြီးမြောက်

Written by 747

တရုတ်နိုင်ငံထုတ် အဏ္ဏဝါမိုးလေဝသစောင့်ကြည့်လေ့လာရေး မောင်းသူမဲ့ဒရုန်းယာဉ် စမ်းသပ်မှု အလုံးစုံပြီးမြောက်

တရုတ်နိုင်ငံထုတ် မောင်းသူမဲ့ဒရုန်းယာဉ် (The Wing Loong-10) သည် အဏ္ဏဝါမိုးလေဝသ စောင့်ကြည့်လေ့လာရေးဆိုင်ရာ သိပ္ပံသုတေသန နှင့် လက်တွေ့စမ်းသပ်မှု

ခရီးစဉ်တစ်ခုကို အလုံးစုံအောင်မြင်စွာ ပြီးမြောက်သွားပြီဖြစ်ကြောင်း ယင်းမောင်းသူမဲ့ယာဉ်(UAV) ထုတ်လုပ်သော ကုမ္ပဏီက စနေနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

နိုဝင်ဘာ ၂၈ ရက် (စနေနေ့နံနက်ပိုင်း)တွင် မောင်းသူမဲ့ဒရုန်းယာဉ် Wing Loong-10 သည် သမုဒ္ဒရာရေပြင်ပေါ်တွင် cloud စနစ်များဖြင့် ပူးပေါင်းဆောင်ရွက်မှု စောင့်ကြည့်လေ့လာခြင်းများ ၊

အပူချိန် နှင့် ရေငွေ့ပျံမှု ဖြန့်ဖြူးခြင်း ၊ ရေမျက်နှာပြင်ပေါ်လေတိုက်နှုန်း နှင့် အခြားသော မိုးလေဝသဆိုင်ရာအချက်အလက်များကို တိုင်းတာဆောင်ရွက်ခဲ့ကြောင်း

တရုတ်နိုင်ငံ၏ ထိပ်တန်းလေယာဉ်ထုတ်လုပ်ရေးဦးဆောင်ကုမ္ပဏီဖြစ်သည့် လေကြောင်းလုပ်ငန်းဆိုင်ရာကော်ပိုရေးရှင်း (AVIC) က ပြောကြားခဲ့သည်။

အဆိုပါ လုပ်ငန်းစဉ်တစ်ခုလုံး လုပ်ဆောင်နေစဉ်အတွင်းမှာပင် The Wing Loong-10 မောင်းသူမဲ့ဒရုန်းယာဉ်၏ စနစ်အားလုံးသည် ကောင်းမွန်စွာ လည်ပတ်လုပ်ဆောင်နေခြင်းနှင့်အတူ ကောင်းမွန်သောအခြေအနေတွင် ရှိခဲ့ကြောင်း AVIC က ဆိုသည်။

The Wing Loong-10 သည် အမြင့်ပေမြင့်မားစွာ နှင့် မြန်နှုန်းမြင့်မားစွာဖြင့် မောင်းနှင်နိုင်သည့် မောင်းသူမဲ့ဒရုန်းယာဉ်စနစ်များကို တပ်ဆင်ထားသော ခေတ်မီ ဒရုန်းမော်ဒယ်အမျိုးအစား တစ်ခုဖြစ်သည်။

ယင်းမောင်းသူမဲ့ဒရုန်းယာဉ်(UAV) သည် မြန်နှုန်းမြင့်မားစွာမောင်းနှင်နိုင်ခြင်း ၊ အမြင့်ပေမြင့်မားစွာပျံသန်းနိုင်ခြင်း ၊ ယုံကြည်စိတ်ချရသော စနစ်များတပ်ဆင်ထားခြင်း ၊ ဘေးအန္တရာယ်ကင်း

လုံခြုံစွာပျံသန်းနိုင်ခြင်း နှင့် အဆင်ပြေချောမွေ့စွာဖြင့် ထိထိရောက်ရောက်အသုံးပြုနိုင်ခြင်းတို့ကြောင့် ဝယ်ယူအားပေးသူများထံမှ မတူကွဲပြားသော လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်လိမ့်မည်ဖြစ်ကြောင်း သိရသည်။
Crd..(Xinhua)
👇Unicode👇

About the author

747

Leave a Comment